Free Hosting Service from T-Link MM
တော်တော်များတော့ သိပြီးကျပြီ ထင်ပါတယ်။ T-Link က မြန်မာပြည်မှာ ပထမဆုံး
Free hosting service ပေးလိုက်ပါပြီ။ ကျနော်သိတဲ့အချိန်ကတော့ MRTV-4 ကနေ
T-Link မှတာဝန်ရှိသူများကို interview လုပ်တော့ Website တွေအတွက် free
hosting service လုပ်ပေးနေတဲ့အကြောင်း ကိုသိခဲ့ရပါတယ်။ အဲဒါနဲ့ပဲ
tlinkmm.com မှာဝင်ကြည့်တော့ Joomla, Drupal , phpBB, WordPress နဲ့ XMB တို့ကို
provide လုပ်ထားပေးတာတွေ့ရပါတယ်။ Account type ကို Free, Premium နဲ့
Business ဆိုပြီး ၃ မျိုးခွဲထားပါတယ်။ free user အတွက်ကတော့
yourname.tlinkmm.com နဲ့ domain name ရမှာဖြစ်ပါတယ်။
Tlink က Hosting free ပေးတဲ့အချိန်နဲ့ ကျနော်ကလည်း blog အတွက် free
hosting ရှာနေတဲ့အချိန်ဆိုတော့ ကွက်တိဖြစ်သွားတာပေါ့။ T-link မှာ
register မလုပ်ခင် တခြား Hosting ဆိုဒ်တွေမှာ လုပ်ခဲ့ပေမယ့် wordpress
အတွက်အဆင်မပြေခဲ့ဘူး။ တခါတလေ အမျိုးမျိုးပြောင်းတက်တဲ့ သူတို့ policy နဲ့
မထင်ရင် banned တက်တဲ့ ရတနာပုံ တို့ကြောင့် ဘယ်အချိန်ဘာဖြစ်မလဲဆိုပြီး
တထိပ်ထိပ်နဲ့ ဖြစ်နေခဲ့ရတာတွေရှိပါတယ်။ T-link က မြန်မာပြည်က hosting
ဖြစ်လို့ အဲဒီလိုမျိုးတွေအတွက် ပူစရာမရှိတော့ပါဘူး။ Free service
ဆိုပေမယ့်လည်း T-link users တွေအနေနဲ့ သူတို့ service ကိုသုံးတဲ့နေရာမှာ
အခက်အခဲရှိရင် web development team ကို e-mail သို့မဟုတ် ဖုန်း နဲ့
မေးမြန်းနိုင်တဲ့အကြောင်းကလည်း အားသာချက်တစ်ခုပါပဲ။

Recent Comments