IDM ချစ်သူများအတွက် နောက်ဆုံး version ကို သုံးချင်သူများ patch file ပါ တစ်ခါတည်း ပါပြီးသားပါ။ အောက်တွင် download ရယူနိုင်ပါတယ်။
Internet Download Manager Version 5.18 (Including patch file)
http://ifile.it/3jlqnr4
File size: 3.08MB
IDM ချစ်သူများအတွက် နောက်ဆုံး version ကို သုံးချင်သူများ patch file ပါ တစ်ခါတည်း ပါပြီးသားပါ။ အောက်တွင် download ရယူနိုင်ပါတယ်။
Internet Download Manager Version 5.18 (Including patch file)
http://ifile.it/3jlqnr4
File size: 3.08MB
http://ebooks.mmblogs.net
ဒီဆိုဒ်ကတော့ ကျနော်အကြိုက် သိုင်းဝတ္ထူ၊ အပါအ၀င် ဘာသာရေး၊ ဗဟုသုတ၊ ၀တ္ထူတို၊ ဟာသ၊ ပန်းချီ၊ ကဗျာ၊ ပုံပြင် စာအုပ်တွေလည်းစုံစုံလင်လင်တင်ထားတဲ့ဆိုဒ်ပါ။ member ၀င်စရာမလိုပဲ လွပ်လပ်လွယ်ကူစွာ မိမိကြိုက်နှစ်သက်တဲ့စာအုပ်များကို download လုပ်ယူနိုင်ပါတယ်။
http://www.books-hive.com

မြန်မာစာအုပ်တော်တော်များများကို upload တင်ထားပါတယ်။ အခုလက်ရှိ စာအုပ်ပေါင်း 1288 အုပ်တင်ပြီးသားပါ။ Myanmar Ebooks, Arts, Biography, Business, Cosmic, Computing, Engineering စသည်ဖြင့်ခေါင်းစဉ်ပေါင်း 26 မျိုးဖြင့် ခွဲခြားထားပြီး မိမိကြိုက်နှစ်သက်ရာကိုလွယ်ကူစွာ ရှာဖွေ download လုပ်ယူနိုင်ပါတယ်။ ဒီဆိုဒ်ကိုဝင်ရောက်ဖို့ရာအတွက်တော့ register အရင်လုပ်ရမှာပါ။
“ ချစ်သူ့ကောင်းကင် ”
အချစ်ဆုံးသူအတွက်
ကိုယ့်ရဲ့ဘ၀နဲ့
အလှပဆုံး ကောင်းကင်တစ်ခု
ဖန်ဆင်းပေးချင်ပါရဲ့
အဲဒီကောင်းကင်မှာ
အလွမ်းတွေမရှိသလို
နောင်တဆိုတာလည်း ဘယ်တော့မှ မရှိစေရဘူး
ပျော်ရွှင်ခြင်း
လွတ်လပ်ခြင်း
တည်မြဲခြင်း
တံတိုင်းတွေနဲ့
ကိုယ်ရဲ့ကောင်းကင်မှာ
ချစ်သူ ပျော်ရွှင်ပါစေ …….
၇.၇.၂၀၀၉ က အမှတ်တရ ရေးဖြစ်တဲ့ကဗျာပါ …
Flash ဖြင့်ဖတ်လိုလျှင် Flash View
Audio/Video Converter တွေကို သုံးစွဲတဲ့အခါမှာ Sample Rate ဆိုတာကို ခဏခဏ တွေ့နေရတယ်။ KHz နဲ့ တိုင်းတာထားတာလေ။ အများအားဖြင့် 48000 KHz ဆိုပြီး တွေ့ရတတ်ပါတယ်။ အဲဒါနဲ့ Sampling Rate ဆိုတာ ဘာပါလိမ့်ဆိုပြီး Wiki ထဲ ရှာကြည့်တာ တော်တော်လေး ခေါင်းမူးသွားတယ်။ Techterms မှာ ရှာကြည့်မှ ရှင်းရှင်းလင်းလင်း သိသွားတယ်။ အခု ကျွန်တော်နားလည်သလောက် ပြန်ရေးလိုက်ပါတယ်။
Sample ဆိုတာဘာလဲ
Sample ဆိုတာဟာ analog signal တွေကို digital အနေနဲ့ ကိုယ်စားပြုထားတဲ့ data တွေကို ပြောတာပါ။
လက်တွေ့ဘ၀မှာ ကျွန်တော်တို့ မြင်သမျှ၊ကြားသမျှ အကုန်လုံးဟာ analog format တွေပါပဲ။ တစ်ဖက်မှာတော့ ကွန်ပျူတာဟာ digital ကိုပဲ နားလည်တယ်၊ digital information တွေကို သိမ်းဆည်းနိုင်၊ တွက်ချက်နိုင်ပါတယ်။ ကျွန်တော်တို့ အသံတစ်ခုကို ကက်ဆက်နဲ့အသံဖမ်းလိုက်မယ် ဆိုပါစို့။ အဲဒီ ကက်ဆက်တိပ်ခွေထဲရောက်သွားတဲ့ အသံဟာ analog format မှာဘဲ ရှိပါသေးတယ်။ ကျွန်တော်တို့ဟာ အဲဒီအသံကို ကွန်ပျူတာထဲ သိမ်းဆည်ဖို့အတွက် အဲဒီ analog format ကို digital format အဖြစ် ပြောင်းရပါလိမ့်မယ်။ အဲဒီလိုပြောင်းလို့ရလာတဲ့ digital data တွေကို sample လို့ခေါ်ပါတယ်။
Sampling ဆိုတာဘာလဲ
Analog ကနေ digital ကိုပြောင်းလဲတာကို Sampling လုပ်တယ်လို့ ခေါ်ပါတယ်။ Sampling အဆင့်မှာ အသံ သို့မဟုတ် ရုပ်ကို တစ်စက္ကန့်အတွင်းမှာ အခါပေါင်းတစ်သိန်းလောက်နီးပါး ဖမ်းယူလိုက်ပါတယ်။ Sampling Rate များလေ ရလာတဲ့ digital format ဟာ အရည်အသွေးကောင်းလေပါပဲ။ ဒီနေရာမှာ bit rate ဆိုတာပါ တိုးလာပါတယ်။ bit rate များလေ sample များများထုတ်နိုင်လေ၊ Sample များများထုတ်နိုင်လေ၊ အရည်အသွေးကောင်းလေပါပဲ။ ဥပမာအားဖြင့် စီဒီခွေထဲမှာပါတဲ့ သီချင်းသံဟာ Sampling Rate 44.1 KHz ရှိပါတယ်။ တစ်နည်းအားဖြင့် တစ်စက္ကန့်မှာ sample ပေါင်း 44100 ပါဝင်ပါတယ်။ Sampling Rate 44.1 KHz ရှိတဲ့ digital အသံဟာ အပြင်ကအသံနဲ့ ထပ်တူနီးပါးရှိပါတယ်။ သာမန်လူတွေ မခွဲခြားနိုင်ပါဘူး။ တကယ်လို့များ ကျွန်တော်တို့ဟာ အဲဒီအသံကို 22 KHz နဲ့ ဖမ်းလိုက်မယ်ဆိုရင် ပြန်နားထောင်ကြည့်တဲ့အခါမှာ ဟာ အသံအရည်အသွေးကလည်း မကောင်းဘူးဆိုပြီး ဘယ်သူမဆို ပြန်ပြောကြပါလိမ့်မယ်။
Bitrate
Bitrate ဟာ သူ့ရဲ့နာမည်လေးအတိုင်းပါပဲ။ တစ်နေရာကနေ တစ်နေရာကို Bit တွေ စီးဆင်းတဲ့နူန်းကို ပြောတာပါ။ အများအားဖြင့် Bitrate ကို bps (bits per second) သို့မဟုတ် Kbps (kilo bit per second) , Mbps (Mega bit per second) တိုင်းတာပါတယ်။
အင်တာနက်လိုင်း လျှောက်တဲ့အခါမှာ 256 လိုင်း၊ 512 လိုင်း စသည်ဖြင့် ရွေးရပါတယ်။ အဲဒါဟာ 256 Kbps လိုင်း သို့မဟုတ် 512 Kbps ကို ပြောခြင်းဖြစ်ပါတယ်။
နောက်တစ်ခုက bitrate ကို audio file သို့မဟုတ် video file တွေရဲ့ အရည်အသွေးကို ဖော်ပြတဲ့အခါမှာလည်း သုံးစွဲပါတယ်။ ဥပမာအားဖြင့် 192 Kbps နှုန်းနဲ့ ချုံ့ထားတဲ့ MP3 သီချင်းတစ်ပုဒ်ဟာ 128 Kbps နှုန်းနဲ့ ချုံ့ထားတဲ့ MP3 သီချင်းထက် ပိုပြီး နားထောင်ကောင်းပါလိမ့်မယ်။ သဘောတရားက ကွန်ပျူတာမှာ အသံဆိုတာကလည်း bit နဲ့ဘဲ ကိုယ်စားပြုတာကြောင့် bit များလေ အသံကိုပိုပြီး သိပ်သည်းစွာနဲ့ ကိုယ်စားပြုနိုင်လေပါပဲ။ 192 Kbps MP3 သီချင်းတစ်ပုဒ်ဆိုရင် သူဟာ တစ်စက္ကန့်အတိုင်းအတာရှိတဲ့ အသံကို 192 Kilobit နှုန်းနဲ့ ကိုယ်စားပြုထားတယ်လို့ ဆိုလိုပါတယ်။ အဲဒီလိုမျိုးပါပဲ Bitrate 3000 Kbps ရှိတဲ့ Video ဖိုင်တစ်ဖိုင်ဟာ Bitrate 1000 Kbps ရှိတဲ့ Video ထက် ပိုပြီး ကြည့်ကောင်းမှာ အသေအချာပါပဲ။
By IT Men at itmen.myanmarbloggers.org
ဘလော့မှာ ပိုစ်မတင်ဖြစ်တာ အတော်ကြာခဲ့ပြီ။ Template ဒီဇိုင်း ဆန်းဆန်းတွေသုံးချင်တာနဲ့ byethost မှာ wordpress account နဲ့ ဘလော့အသစ်ယူပြီးနောက်ပိုင်းကတည်းက ကျနော်ရဲ့ ဒီဘလော့ကို မရောက်ဖြစ်ခဲ့တာ။ နောက်ထပ်အကြောင်းအရင်းတစ်ခုက blogspot ကိုဝင်ရင်ကျော်ခွနေရတဲ့ ဒုက္ခကြောင့်လည်းပါပါတယ်။ ဒါကြောင့် တစ်ခါတစ်လေ ကြည့်ချင်တဲ့ ဘလော့ တွေဖြစ်လည်း ကျော်နေရတဲ့ ဒုက္ခကြောင့် မကြည့်ဖြစ်ခဲ့တာမျိုးတွေလည်းရှိပါတယ်။ အခုတော့ ကိုရန်အောင်ရဲ့ ဘလော့ကို အလည်ရောက်ပြီး blogspot မှာ အသစ်သစ်တွေထပ်ဖြည့်ထားတယ်ဆိုတာ သိလိုက်ရလို့ ကျနော်ရဲ့ နေရာသစ် ကိုအားသစ်ပြန်လောင်းလိုက်ပါတယ်။
ကိုဇော်မိုးအောင် ရဲ့ Blog မှာတွေလို့ ကျနော်ရဲ့ Color ကိုလည်းသိချင်တာနဲ့စမ်းကြည့်လိုက်မိတယ်။ အောက်မှာပြထားတဲ့အတိုင်း အ၀ါရောင်ဖြစ်နေပါတယ်။ သူငယ်ချင်းတို့လည်း ကိုယ်ရဲ့ Color ကိုသိချင်ရင် ဒီမှာ စမ်းကြည့်နိုင်ပါတယ်။
|
|
|
|
|
YELLOW |
You are very perceptive and smart. You are clear and to the point and have a great sense of humor. You are always learning and searching for understanding.
အရင်က နေရာတိုင်းလိုလိုမှာ တွေ့နေရတဲ့ PCO ဖုန်းဆိုင်တွေဆို အခုတစ်ဆိုင်မှမတွေ့ရတော့ဘူး။ ဖုန်းဆက်ဖို့ရာအတွက် တကယ်ကိုအခက်ကြုံရတယ်။
1993 လောက်က … ပေါက်ပေါက် ကောင်းမှုကြောင့် ကျနော် Post တစ်ခုရေးဖြစ်သွားပြီ …း)
ဆောင်းရာသီရောက်လို့ မနက်မနက် ကျူံးဘေးက ညောင်မုတ်ဆိတ်ပင်ကြီးကိုဖြတ်ပြီး အလုပ်သွားရင် ငယ်ငယ်ကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးကို သတိရမိ့တယ် ……

ဆောင်းရာသီရဲ့ မနက်ခင်းတစ်ရက်မှာ ဘဘနဲ့အတူ လမ်းလျှောက်ထွက်ခဲ့ကြတယ်၊ မနက်ဝေလီဝေလင်း အချိန်ဆိုတော့ မီးရောင်ရှိတဲ့နေရာကလွဲလို့ ကျန်တဲ့နေရာတွေမှာ အမှောင်ဖုံးနေခဲ့တယ်။ မြေးအဖိုးနှစ်ယောက် လမ်းလျှောက်လိုက်၊ ပြေးလိုက်၊ နားလိုက်၊ လုပ်ရင်းနဲ့ ကျူံးဘေးကိုရောက်လာခဲ့တယ်၊ ကျူံးဘေးမှာ ကျနော်တို့လိုပြေးနေတဲ့ သူတော်တော်များများရှိနေတယ်။ အဲဒီအချိန်ကလည်း မန္တလေးမှာ ဆောင်းတွင်းအားကစားပွဲတွေလုပ်တဲ့အချိန်ဆိုတော့ မနက်ဆို ထပြေးတဲ့သူ၊ လေ့ကျင့်ခန်းလုပ်တဲ့သူတွေနဲ့ တော်တော်စည်တယ်။ ကျူံးဘေးမှာ အပြေးလေ့ကျင့်ရင်းနဲ့ မောလာလို့ သစ်ပင်တစ်ပင်အောက်မှာ ခဏနားဖြစ်ခဲ့ကြတယ်။ ကိုယ်နားနေတဲ့ သစ်ပင်ကိုကြည့်လိုက်မိတော့ စိတ်ဝင်စားသွားတယ်။ သစ်ပင်ကနေပြီး မုတ်ဆိတ်မွေးလို နွယ်တွေအောက်ကို အများကြီးကျနေတယ်လေ။ သိချင်လာတာနဲ့ ဘဘကိုမေးကြည့်တော့ အဲဒါ “ ညောင်မုတ်ဆိတ် ” ပင်လို့ ဘဘကပြောပြတယ်။ အပင်ကြီးကို စိတ်ဝင်တစားနဲ့ကြည့်နေတာ ဘေးမှာအတူနားနေတဲ့ ဘဘကိုသတိမထားလိုက်ဘူး။ သတိရလို့ကြည့်လိုက်တော့ ဘဘကမရှိတော့ဘူး။ ပတ်ဝန်းကျင်မှာရှာကြည့်တော့လည်း မတွေ့ဘူး။ အချိန်နည်းနည်းကြာလာတာနဲ့ ကျနော်စိုးရိမ်လာတယ်၊ ဘဘကျနော်ကိုမေ့ထားခဲ့ပြီး ထွက်သွားပြီလား၊ တစ်ယောက်တည်းပြန်ဖို့ရာလည်း အိမ်ကိုဘယ်လိုပြန်ရမယ်ဆိုတာ မသိဘူး။ ကျူံးနဲ့အိမ်က အဝေးကြီးမဟုတ်ပေမယ့် အခုမှစပြေးဖူးတာဆိုတော့ လမ်းလည်းမမှတ်မိ့ဘူး။ တစ်ယောက်တည်း တွေးရင်းတွေးရင်း ၀မ်းနည်းပြီး ငိုမိတယ်။ တော်တော်လေးကြာမှ ဘဘပြန်ရောက်လာပြီး ကျနော်ငိုနေတာတွေတော့ ဘာလို့ငိုတာလည်းဆိုတာမေးတယ်။ ငိုနေရင်းကပဲ ဘဘကိုရှာမတွေ့လို့ ငိုနေတဲ့အကြောင်းပြောပြတော့ ဘဘက သူဒီနားခဏလမ်းလျှောက်သွားတာပါလို့ပြောပြတယ်။ ကျနော်ကိုလည်း မငိုတော့ဖို့ပြောပြီး မြေးအဖိုးနှစ်ယောက် အိမ်ပြန်ခဲ့ကြတယ် ….
ပြန် Tag ရမယ့်သူတော့မရှိဘူး ….
ဒီတော့ ကျနော် ပို့စ်အသစ်တစ်ခုရေးပြီး ပေါက်ပေါက်ကို ပြန်ကောင်းမှုပြုရမယ် ….;)
ပေါက်ပေါက်ရေ ရေးဖို့ပြင်ထားပါဗျာ …..
အခုရက်ပိုင်း သူငယ်ချင်း website ပြန်ဆွဲနေတာနဲ့ မအားဘူးဖြစ်နေလို့ ဘာပို့စ်မှမတင်ဖြစ်လိုက်ဘူး။ webpage ကတော့ တ၀က်ကျော်ကျော်ပြီးသွားပြီ။ သွားလည်းဒီစိတ် စားလည်းဒီစိတ် ဖြစ်နေတယ်။ ကွန်ပျူတာသုံးဖို့ကလည်း ၁ ပတ်မှာ ၂ ရက်ပဲအဆင်ပြေတာဆိုတော့ ရတဲ့အချိန်လေးမှာပဲ မြန်မြန်လုပ်နေရတယ်။